Request for Proposal (RFP) for Common Database တည်ဆောက်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ Request for Proposal ( RFP ) for Common Database အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါပေးသွင်းလိုသူများအား ဖိတ်ခေါ်အပ်ပါသည်။

၂။       အဆိုပါလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများကို တင်ဒါဖွင့်ဖောက်မည့်ရက် (၉-၁၂-၂၀၁၉) ရက်နေ့၊ နေ့လယ် ( ၁၃:၀၀ ) နာရီတွင် အိတ်ဖွင့်တင်ဒါလက်ခံရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ နေပြည်တော်ထံသို့ တင်သွင်းရမည်။ (တင်ဒါဖွင့်ဖောက်မည့်ရက်တွင် လူကိုယ်တိုင်ယူဆောင်လာရန် ဖြစ်ပါသည်)။

၃။       တင်ဒါတင်သွင်းရာတွင် တင်ဒါအချက်အလက်အပြည့်အစုံပါဝင်သော စာရွက်စာတမ်း (၂) စုံ (မူရင်း (၁) စုံ + မိတ္တူ (၁) စုံ) နှင့် soft copy (၁) စုံ ပါရှိရမည်။

၄။      တင်ဒါတင်သွင်းသူအနေဖြင့် တင်ဒါအာမခံကြေးအဖြစ် တင်ဒါတန်ဖိုး၏ ( ၁% ) အား       မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုမှရယူ၍ တင်ဒါနှင့်အတူ တင်သွင်းရမည်။ တင်ဒါအာမခံကြေး၏ သက်တမ်းမှာ တင်ဒါတည်မြဲမှုကာလ ကုန်ဆုံးသည့်နောက် (၂၈) ရက် အထိသာ ဖြစ်သည်။ တင်ဒါမအောင်မြင်သော တင်ဒါတင်သွင်းသူများအား တရားဝင် အကြောင်းကြားပြီးနောက် တင်ဒါအာမခံကြေးကို (၇) ရက်အတွင်း  ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

၅။      လုပ်ငန်းအပ်နှံခြင်းခံရပါက လုပ်ငန်းတန်းဖိုး၏ ၁၀% ကို စာချုပ်ချုပ်ဆိုပြီး (၂) ပတ် အတွင်း မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဘဏ်အာမခံ (Bank Guarantee) ပြုလုပ်၍ လုပ်ငန်းအာမခံအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး ယင်းသို့ ပေးသွင်းပြီးမှသာ တင်ဒါအာမခံကြေးအား ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

၆။      တင်ဒါများတင်သွင်းရာတွင် လုပ်ငန်းရှင်ကိုယ်တိုင် ( သို့ ) ဈေးနှုန်းစံချိန်စံညွှန်းလုပ်ငန်းနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ပြီး ဈေးနှုန်းစိစစ်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် ကိုယ်စားလှယ်မှ ကိုယ်စားလှယ်လွဲစာနှင့်အတူ လာရောက်ပေးသွင်းရမည်။

၇။      ဈေးနှုန်းတည်မြဲရက် Validity မှာ အနည်းဆုံး (၂) လဖြစ်ရမည်။

၈။      ရွေးချယ်ခြင်းခံရသည့် ကုမ္ပဏီသည် တည်ဆဲအခွန်ဥပဒေများကို လိုက်နာရမည်ဖြစ်ပါသည်။

၉။      ဈေးနှုန်းတင်သွင်းသည့်အခါ လူပုဂ္ဂိုလ် အမည်အစား လုပ်ငန်းအမည် (သို့) ကုမ္ပဏီမည်ဖြင့်သာ တင်သွင်းရပါမည်။

၁၀။      အထက်ပါစည်းကမ်းချက်များအားလုံး ပြည့်စုံခြင်းမရှိပါက တင်သွင်းသည့် ဈေးနှုန်းပြိုင်အား လက်ခံစဉ်းစားမည်မဟုတ်ပါ။

၁၁။    အဆိုပါ Common Database အတွက် Request for Proposal ( RFP ) အား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။

 

Request for Proposal

Annex 1 – RFP Response

0   TABLE OF CONTENTS

1   GUIDELINE

2   INSTRUCTIONS

3   BIDDER INFORMATION

4   REQUIREMENTS FOR COMMON DATABASE

Annex 2 – Responsibility Matrix

Annex 3 – Q&A

Download File
Download File
Download File

Posted by ptd

Posted on November 8, 2019


Weather
NAYPYITAW WEATHER