လိုင်စင်ရရှိထားသူများလိုက်နာဆောင်ရွက်ရမည့်တာဝန်များပျက်ကွက်ခြင်းအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ လိုင်စင်ပါစည်းကမ်းချက်များ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိခြင်းအပေါ် ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။       အောက်ဖော်ပြပါ ကုမ္ပဏီများသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ  လိုင်စင်ရရှိသူ များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအား လိုက်နာရန် ပျက်ကွက်ခြင်း၊ လိုင်စင် စည်းကမ်းချက်များအရ ပေးပို့တင်ပြရမည့် လုပ်ငန်းဆောင်ရွက်ထားရှိမှု ()လပတ် အစီရင်ခံစာ ပေးပို့တင်ပြမှုမရှိခြင်း၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၂၄ (က) () အရ ပေးဆောင်ရမည့် သက်ဆိုင်သော ဝင်ငွေ၏ ရာခိုင်နှုန်းကို အခြေခံသည့် နှစ်စဉ်ကြေးများအား ပေးဆောင်မှုမရှိခြင်းတို့အတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများ အပိုဒ် ၄၁ () နှင့်အညီ လိုင်စင်ကို ပယ်ဖျက်သွားမည် ဖြစ်ပါ၍  လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၃၉ (က) () အရ ထိုက်သင့်သော အခွင့်အရေးပေးသည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့  ဖြေရှင်းချက်နှင့်အတူ ပေးဆောင်ရမည့် သက်ဆိုင်ရာ အခကြေးငွေများကို လာရောက်ပေးသွင်းပါရန် နှင့် သတ်မှတ် ကာလအထိ ဖြေရှင်းတင်ပြလာခြင်း မရှိပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများ အပိုဒ် ၄၁ () နှင့်အညီ လိုင်စင်ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်-

စဉ်

ကုမ္ပဏီအမည်

လိုင်စင်အမျိုးအစား

လိုင်စင်ရရှိသည့်ရက်

(က)

Shwe Pyi Tagon Telecommu- nication (Public) Co., Ltd

NFS (I)

 ၂၆-၅-၂၀၁၅

(ခ)

Fiber Link Myanmar Co., Ltd

NFS (I)

၃၁-၁၂-၂၀၁၅

(ဂ)

FPT Myanmar Co.,Ltd

NFS (I)

-၇-၂၀၁၅

(ဃ)

Kiss Telecom Co.,Ltd

NFS (I)

-၁-၂၀၁၈

(င)

VAZ Co.,Ltd

NFS (C) နှင့် AS

၂၆-၁-၂၀၁၈

(စ)

Myanmar Cyber Co.,Ltd

AS

၁၂-၅-၂၀၁၅

(ဆ)

Zwekabin Kyaw Lay Co.,Ltd

AS

၂၈-၆-၂၀၁၇

 

၃။      အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် () နေပြည်တော် သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၇၄၉၈၊  ၀၆၇-၃၄၀၇၂၁၇ သို့လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Posted by ptd

Posted on July 17, 2020


Weather
NAYPYITAW WEATHER