အများပြည်သူသုံးအင်တာနက်ဆိုင်ရာဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်ကိုပယ်ဖျက်ခြင်း

အများပြည်သူသုံး အင်တာနက်ဆိုင်ရာဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်များကို ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေ ပုဒ်မ ၂၉ အရ လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။ အဆိုပါ အများပြည်သူသုံး အင်တာနက်ဆိုင်ရာဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်များကို  အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အဖြစ် ၁၂ လအတွင်း အသွင်ကူးပြောင်းရန် လိုင်စင်အသွင် ကူးပြောင်းခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၅)  ကို (၁၂-၁-၂၀၁၅) ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့ပြီးဖြစ်သည့်အတွက် ယင်းအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည့် အချိန်ကာလသတ်မှတ်ချက်အတွင်း အသွင်ကူးပြောင်းရန် ပျက်ကွက်သည့်လိုင်စင်များနှင့် အသွင်ကူးပြောင်းရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော အများပြည်သူသုံး အင်တာနက်ဆိုင်ရာ ဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်သည်။  

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Posted by ptd

Posted on July 6, 2020


Weather
NAYPYITAW WEATHER