Common Database တင်ဒါနှင့်ပတ်သက်၍ အသိပေးကြော်ငြာချက်

၁။      ဆက်သွယ်ရေးအော်ပရေတာများမှ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် SIM Card  များ အား မှတ်ပုံတင်ရာတွင် Biometric  Verification ပြုလုပ်နိုင်ရန် Common Database တစ်ခုအား  Universal Service Fund (USF)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် (၈-၄-၂၀၂၀) ရက်နေ့၊ မြန်မာ့အလင်းသတင်းစာတွင် ကြော်ငြာ၍  အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ခဲ့ပါသည်။

၂။       တင်ဒါနှင့်ပတ်သက်သည့် Pre-Bid Meeting အား(၂၉-၄-၂၀၂၀)ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဆွေးနွေးချက်များအရ Request for Proposal ၏ REQ (12)အား Mandatory အဖြစ်လည်းကောင်း၊ REQ (27) ပါ Disaster Recovery Site အား Mandatory အဖြစ်လည်းကောင်း ပြင်ဆင်သတ်မှတ်ကြောင်း အသိပေးအပ်ပါသည်။

၃။     လက်ခံရရှိသည့် မေးခွန်းများ များပြားသည့်အတွက် ပြည့်စုံရှင်းလင်းစွာ ဖြေကြားနိုင်ရေး အချိန်ယူ ဆောင်ရွက်ခဲ့ရသဖြင့် မူလသတ်မှတ်ရက်ဖြစ်သည့် (၆-၅-၂၀၂၀)ရက်နေ့တွင် ပြန်လည် ဖြေကြားနိုင်ခြင်း မရှိခဲ့ဘဲ (၁၅-၅-၂၀၂၀) ရက်နေ့မှသာ ပြန်လည်ဖြေကြားနိုင်ခဲ့သဖြင့် တင်ဒါပိတ်မည့်နေ့ရက်၊ တင်ဒါဖွင့် ဖောက်မည့်နေ့ရက်၊ အချိန်နှင့်နေရာတို့အား အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်ပါကြောင်း အသိပေး အပ်ပါသည်။

            တင်ဒါပိတ်မည့်နေ့ရက်                                     - ..၂၀၂၀ (အင်္ဂါနေ့ )

            တင်ဒါဖွင့်ဖောက်မည့်နေ့ရက်နှင့်အချိန်              - ..၂၀၂၀ (အင်္ဂါနေ့ )(၁:၀၀) နာရီ

            တင်ဒါဖွင့်ဖောက်လက်ခံမည့်နေရာ                    - ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော် (သို့မဟုတ်) ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးရုံး၊ အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့      (Video conferencing စနစ်ဖြင့် လက်ခံသွားမည် ဖြစ်ပါသည်)

     အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၇၆၂၆  သို့ဖြစ်စေ ၊ ၀၉-၄၅၀၀၀၀၂၂၉ သို့ဖြစ်စေ ရုံးချိန် အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

၅။      စိတ်ဝင်စားသည့်ကုမ္ပဏီများမှ မေးမြန်းထားသည့် မေးခွန်းများအား ရှင်းလင်းဖြေကြား ထားမှုကို အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။

Common Database Questions & Answers

Evaluation Form to Bidder

 

 

တင်ဒါကော်မတီ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ရုံးအမှတ်(၂)၊နေပြည်တော်

Posted by ptd

Posted on May 15, 2020


Weather
NAYPYITAW WEATHER