Universal Service Fund (USF) ဖြင့် မြို့နယ်/မြို့ (၃၃)မြို့နယ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေ အခန်း ၁၅၊ ပုဒ်မ ၅၄ အရ အများပြည်သူအကျိုးငှာ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးအစီအစဉ်များ အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ(Universal Service Fund,USF)ကိုအသုံးပြု၍ မြို့နယ်/မြို့ (၃၃)မြို့နယ် အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆက်သွယ်ရေးအော်ပရေတာ (၄)ဦးအား တင်ဒါ ခေါ်ယူလိုက်သည်။

တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် ဆက်သွယ်ရေးအော်ပရေတာ (၄)ဦးအနေဖြင့်  မြို့နယ်/မြို့ (၃၃) မြို့နယ်အတွက် တင်ဒါအဆိုပြုလွှာတင်သွင်းခြင်းအား Phase I အတွက် (၅-၁၁-၂၀၂၀) ရက်နေ့အထိ၊ Phase II အတွက် (၆-၁-၂၀၂၁) ရက်နေ့အထိနှင့် Phase III အတွက် (၂၆-၂-၂၀၂၁) ရက်နေ့အထိ နောက်ဆုံးထား၍ တင်ဒါတင်သွင်းသွားရန် ဖြစ်သည်။

Universal Service Fund (USF) ဖြင့် အများပြည်သူအကျိုးငှာ အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးအော်ပရေတာ(၄)ဦးသို့ တင်ဒါခေါ်ယူထားရှိမှုအခြေအနေအား အများပြည်သူသိရှိနိုင်ရန် တင်ဒါအဆိုပြုလွှာ(Request for Bids, RfB)အား ထုတ်ပြန်လိုက်သည်။

RfB for USF Project (33tsp).pdf

Annex A.pdf

Posted by ptd

Posted on July 15, 2020


Weather
NAYPYITAW WEATHER