Myanmar Electronic Addressing Plan (Draft) အား အများပြည်သူသဘောထား တောင်းခံခြင်း

၁။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ အခန်း(၇) ၊ ပုဒ်မ (၂၁) ၊ (၂၂) နှင့် (၂၃) ပါပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်လိပ်စာများဖြစ်သည့် Public IP Address ၊ Autonomous System (AS) Number နှင့် Domain Name တို့နှင့် စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်များအား ဆောင်ရွက်ရမည် ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ .mm Domain Registry အဖြစ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၂။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် Public IP Address နှင့် Autonomous System (AS) Number များအား စိစစ်ကြီးကြပ်ခြင်းလုပ်ငန်းများ၊ Domain Name Category များအား ခွဲခြားသတ်မှတ်ခြင်း၊ Domain Name Category အလိုက် လျှောက်ထားခွင့်ရှိသူ များအား သတ်မှတ်ခြင်း၊ လျှောက်ထားရယူနိုင်ခြင်းမရှိသော Domain Name များအား သတ်မှတ်ခြင်း၊ အရံထားရှိသည့် Domain Name (Reserved Domain Name) များအား သတ်မှတ်ခြင်း၊ Registrant (Domain Name မှတ်ပုံတင်သူ) နှင့် Registrar (Domain Name များအား ရောင်းချခြင်းနှင့် မှတ်ပုံတင်စာရင်းများအား ထိန်းသိမ်းခြင်းကိုဆောင်ရွက်သူ) များ၏လုပ်ပိုင်ခွင့်နှင့်တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊ Domain ရောင်းချမှုနှင့်စပ်လျဉ်း၍ Registrar များမှ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ Domain များ အား မှတ်ပုံတင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြန်လည်လျှောက်ထားခြင်း လုပ်ငန်းစဉ်များ၊ Electronic Addressing Plan အား ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ပါသည်။

၃။      သို့ဖြစ်ပါ၍ အဆိုပါမူကြမ်းအပေါ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များပေးပို့ရန် ရှိပါက အောက်ဖော်ပြပါ Introductory Comment, EAP Questions, Summary & Conclusion တို့တွင် မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် (၅-၈-၂၀၁၈) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန် အတွင်း အောက်ဖော်ပြပါ လိပ်စာသို့လိပ်မူ၍ E-mail ဖြင့်လည်းကောင်း၊ စာတိုက်မှလည်းကောင်း ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။

 

ပေးပို့ရမည့်လိပ်စာ

ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

E-mail Address:     dg.ptd@mptmail.net.mm,

resource@ptd.gov.mm

ဖုန်းနံပါတ်:              067-3407626

Myanmar Electronic Addressing Plan (Draft) for Public Consultation

Public consultation Document Questionnaire - EAP

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on July 6, 2018


Weather
NAYPYITAW WEATHER