၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၄ နှင့်အညီ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေး အစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေဖြင့် Telecommunication Infrastructure Services, Rural Project (၁/၂၀၂၄) USF လုပ်ငန်းဆောင်ရွက်ရန်အတွက် (၁၁-၁၂-၂၀၂၄)ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့ပြီး (၃၁-၁-၂၀၂၅) ရက်နေ့တွင် ဖွင့်ဖောက်စစ်ဆေးခြင်းအစည်းအဝေးပြုလုပ်ခဲ့ရာ Lot 1 - နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာစီမံကိန်းတင်ဒါအား အော်ပရေတာ(၄)ဦးအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် Ooredoo Myanmar Limited တို့သာ တင်ဒါအဆိုပြုလွှာတင်သွင်းပြီး ယှဉ်ပြိုင်ခဲ့ပါသည်။
၂။ ၎င်းတို့တင်သွင်းသည့် နည်းပညာနှင့် အဆိုပြုဈေးနှုန်းများပါဝင်သော တင်ဒါအဆိုပြုလွှာများကို USF ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ စိစစ်၍ USF ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါကော်မတီထံတင်ပြခဲ့ရာ အဖွဲ့ဝင်များမှ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များထံ လှည့်လည်စာဖြင့် သဘောထားတောင်းခံခဲ့ရာတွင် အဖွဲ့ဝင်များအားလုံး၏ သဘောတူခွင့်ပြုချက်အား ရရှိခဲ့ပြီးဖြစ်ပါသဖြင့် Ooredoo Myanmar Limited အား တင်ဒါအောင်မြင်သူအဖြစ် (၉-၅-၂၀၂၅) ရက်နေ့တွင် ရွေးချယ်ခဲ့ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် ကြေညာအပ်ပါသည်။
တင်ဒါကော်မတီ
Posted on
May 12, 2025