Spectrum Roadmap (2020): Facilitate the Sustainable Growth of Industry (Draft) အပေါ် သဘောထားမှတ်ချက်ပေးပို့ရန် နောက်ဆုံးသတ်မှတ်ရက်ကို တိုးမြှင့်ကြောင်း အသိပေးကြေညာခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားပြီးဖြစ်သည့် Spectrum Roadmap အား ပြန်လည်ပြင်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိရာ Spectrum Roadmap (2020): Facilitate the Sustainable Growth of Industry (Draft) အပေါ် စိတ်ပါဝင်စားသော အများပြည်သူနှင့်အဖွဲ့အစည်းများအနေဖြင့် ပါဝင်အကြံပြုနိုင်ရေးအတွက် သဘောထားမှတ်ချက် ပေးပို့ရန် နောက်ဆုံးသတ်မှတ်ရက်ကို (၃၀.၁၂.၂၀၂၀) ရက်နေ့အစား (၁၁.၂.၂၀၂၁) ရက်နေ့သို့ တိုးမြှင့် သတ်မှတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သဘောထားမှတ်ချက်များ ပေးပို့ရန်ရှိပါက (၁၁.၂.၂၀၂၁) ရက်နေ့၊ ညနေ (၅:၀၀)နာရီ နောက်ဆုံးထား၍ spectrumresource.ptd@ gmail.com သို့ ပေးပို့သွားနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

Spectrum Roadmap (2020): Facilitate the Sustainable Growth of Industry (Draft)” ကို Download ရယူနိုင်ပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on December 30, 2020


Weather
NAYPYITAW WEATHER