“ ဒိုမိန်း(Domain Name)ဆိုင်ရာ သိကောင်းစရာများ ” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် ထုတ်ဝေခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ(၂၁)၊(၂၂)နှင့်(၂၃) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ်လိပ်စာများဖြစ်သည့်  Domain Name များနှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ အား Domain Registry ဖြစ်သူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ  .mm Domain Name System ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။       ယနေ့ဒစ်ဂျစ်တယ်နည်းပညာခေတ်တွင် စီးပွားရေးလုပ်ငန်းများ၊ အများပြည်သူသို့ ဝန်ဆောင်မှုပေးသည့်ကိစ္စရပ်များ၊ Online Payment လုပ်ငန်းများ ၊ e-Commerce လုပ်ငန်းစဉ်များအတွက် Website များ အသုံးပြု၍ Online မှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းများ များပြားလာသည့်အတွက် အများပြည်သူများအနေဖြင့် Website များ အသုံးပြုရာတွင် ပြည်တွင်းဒိုမိန်းများ အသုံးပြုခြင်းကြောင့် ရရှိလာနိုင်မည့်အကျိုးကျေးဇူးများ သိရှိနိုင်ရေးအတွက် ဒိုမိန်း (Domain Name) ဆိုင်ရာသိကောင်း စရာများ ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် ပြုစုထုတ်ဝေထားရှိသည့်အတွက် Download ရယူ၍ ဖတ်ရှု့နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on August 18, 2023


Weather
NAYPYITAW WEATHER