Environmental and Social Safeguard နှင့် စပ်လျဉ်းသည့်  အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ (၉-၁၂-၂၀၁၉) ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီမှ ညနေ ၅:၃၀ အချိန်အထိ Environmental and Social Safeguard နှင့်စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဦး နှင့် USO ဌာနတာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ Senior Regulatory Specialist  ဖြစ်သူ Rajendra Singh နှင့် တာဝန်ရှိသူများ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ Environmental & Social Safeguard Specialist  ဒေါ်ခင်သိန်းထွေးနှင့် Pilot Project တွင် တင်ဒါအနိုင်ရရှိခဲ့သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Telenor Myanmar Limited တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ယင်းအစည်းအဝေးတွင် တင်ဒါအနိုင်ရရှိခဲ့သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် Telenor Myanmar Limited တို့အနေဖြင့်  စီမံကိန်းလုပ်ငန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် Environmental and Social Safeguard နှင့် ပတ်သက်၍ ESMF Guideline နှင့်အညီ လုပ်ငန်းများ အချိန်မီ ပြီးစီးဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

Posted by ptd

Posted on December 11, 2019


Weather
NAYPYITAW WEATHER