Ooredoo Myanmar Limited ၏ ကွန်ရက်လွှမ်းခြုံမှုနှင့် ကွန်ရက်အရည်အသွေးများ ပြည့်မီအောင်ဆောင်ရွက်နိုင်မှု ရှိ/မရှိ စိစစ်သည့် အစည်းအဝေးကျင်းပ

Ooredoo Myanmar Limited ၏ လိုင်စင်သက်တမ်း (၅) နှစ်မြောက်အတွက် ကွန်ရက်လွှမ်းခြုံမှုနှင့် ကွန်ရက်အရည်အသွေးများအား ကတိကဝတ်အတိုင်းပြည့်မီအောင်ဆောင်ရွက်နိုင်မှု ရှိ/မရှိ စိစစ်သည့် အစည်းအဝေးအား (၁၂--၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်တွင် နေပြည်တော် ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်() အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ ပါသည်။

အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် Ooredoo Myanmar Limited မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်က အဖွင့်အမှာ စကားပြောကြားပါသည်။ လိုင်စင်သက်တမ်း (၅)နှစ် မြောက်အတွက် ကွန်ရက်လွှမ်း ခြုံမှုနှင့် ကွန်ရက်အရည်အသွေးများအား လိုင်စင်ပါကတိကဝတ်များအတိုင်း ဆောင်ရွက်ထားနိုင် ခြင်း ရှိ/မရှိ ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် Consultant Company တို့က ပူးပေါင်း တိုင်းတာစစ်ဆေးခဲ့သည့် Drive Test ရလဒ်များနှင့် Ooredoo Myanmar Limited ၏ နှစ်ပတ်လည်အစီရင်ခံစာမှ တင်ပြချက်များ ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ် ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကို မွန်းလွဲ(၁၆:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Posted by ptd

Posted on June 19, 2019


Weather
NAYPYITAW WEATHER