၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် ပိုစတာထုတ်ပြန်

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ)မှ (၂၀၂၁)ခုနှစ်တွင် ပေးပို့လာသည့် ပိုစတာတွင် ကိုဗစ်-(၁၉) ကပ်ရောဂါဖြစ်ပွားချိန်မှ ယခုအချိန်ထိ ကမ္ဘာတစ်ဝှမ်းရှိ စာပို့တိုက်များနှင့် စာပို့ဝန်ထမ်းများသည် ကိုဗစ်-(၁၉)ရောဂါကာကွယ်ဆေးများကို complex cold storage methods များကို အသုံးပြု၍ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနိုင်ရန်အတွက် ကြိုတင်စာရင်းပေးသွင်းနိုင်မည့် ကိစ္စရပ်များဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-(၁၉)ကပ်ရောဂါဖြစ်ပွားနေသည့် ခက်ခဲသည့်ကာလများတွင် စာပို့တိုက်လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရန်အတွက်  စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို တီထွင်ဆန်းသစ်ခြင်း၊ အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အခက်အခဲကြားမှ ကြံ့ကြံ့ ခိုင်၍ ဆောင်ရွက်ပေးခြင်းတို့အတွက် ဂုဏ်ပြုသောအားဖြင့် “Innovate to recover”ခေါင်းစဉ်ဖြင့် ရေးဆွဲထားသည့် ပိုစတာစာရွက်များကို အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန် ခြင်းဖြစ်ပါသည်။

Posted by ptd

Posted on October 8, 2021


Weather
NAYPYITAW WEATHER