2nd Joint Technical Committee (JTC)  အတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

2nd Joint Technical Committee (JTC)  အတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်အကြား နယ်စပ်ဖြတ်ကျော် ရေဒီယိုလှိုင်းနှုန်းနှောင့်ယှက်မှုများ ဖြေရှင်း နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်နိုင်ငံမှ တာဝန်ရှိသူများ ပါဝင်မည့် “ 2nd Joint Technical Committee (JTC)” အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးလိုသည်များ ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် အော်ပရေတာများနှင့် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးတစ်ရပ်ကို (၄.၄.၂၀၁၉)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (အစည်းအဝေးခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင် ၊ ညွှန်ကြားရေးမှူး ဒေါ်စိမ့်စိမ့်အေး၊ အော်ပရေတာများဖြစ်သော MPT, Telenor, Ooredoo နှင့် Mytel တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် အစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

Posted by ptd

Posted on April 4, 2019


Weather
NAYPYITAW WEATHER