နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာတွင်မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးစခန်း(၁)ခု တည်ဆောက်အကောင်အထည်ဖော်ခြင်းအတွက် လုပ်ငန်းအပ်နှံမှု သဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကျင်းပပြုလုပ်ခြင်း
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် Nine Communications Company Limited တို့အကြား အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (USF) ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာတွင် Telecommunication Infrastructure Services, Rural Project (Lot-1) အဖြစ် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးစခန်း(၁)ခု တည်ဆောက်အကောင်အထည်ဖော်ခြင်းအတွက် လုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက် (ကြာသပတေးနေ့)၊ နံနက် (၁၁:၀၀) နာရီအချိန်တွင်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ တာဝန်ရှိသူများ၊ Nine Communications Company Limited မှ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် Nine Communications Company Limited တို့အကြား ချုပ်ဆိုမည့် လုပ်ငန်းအပ်နှံမှု သဘောတူစာချုပ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့၍ အခမ်းအနားအား နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (USF) ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာတွင် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးစခန်း (၁) ခု တည်ဆောက်ပြီးစီးပါက လူဦးရေ (၁၀၃၃) ဦးရှိသော ကျေးရွာနေပြည်သူလူထုမှ အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများ ရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ လူမှု၊ စီးပွားဘဝများအဆင်ပြေတိုးတက်လာနိုင်မည်ဖြစ်ပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
September 15, 2025