2nd Joint Technical Committee (JTC) အတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်အကြား နယ်စပ်ဖြတ်ကျော် ရေဒီယိုလှိုင်းနှုန်းနှောင့်ယှက်မှုများ ဖြေရှင်းနိုင်ရေး အတွက် ၂၀၁၉ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်နိုင်ငံမှ တာဝန်ရှိသူများ ပါဝင်မည့် “ 2nd Joint Technical Committee (JTC)” အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးတွင် ဆွေးနွေးလိုသည်များ ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် အော်ပရေတာများနှင့် ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးတစ်ရပ်ကို (၃.၅.၂၀၁၉)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်၊ ညွှန်ကြားရေးမှူး ဒေါ်စိမ့်စိမ့်အေး၊ အော်ပရေတာများဖြစ်သော MPT, Telenor, Ooredoo နှင့် Mytel တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် အစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

Posted by ptd

Posted on May 3, 2019


Weather
NAYPYITAW WEATHER