“မိုဘိုင်းဆက်သွယ်ရေးတာဝါများနှင့်သင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် ထုတ်ဝေခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများမှ ထုတ်လွှင့်နေသည့် လျှပ်စစ်သံလိုက်စက်ကွင်းများသည်  နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ သိရှိနိုင်ရန်အတွက် EMF တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းတာတွေ့ရှိသည့်ရလဒ်များဖြင့် အများပြည်သူသို့ အသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

၂။       ထိုသို့ဆောင်ရွက်လျက်ရှိရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုဘိုင်းဆက်သွယ်ရေးတာဝါများနှင့်သင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် ပြုစုထုတ်ဝေထားရှိပါသည်။ လက်ကမ်းစာစောင်အား Download ရယူဖတ်ရှုနိုင်ပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on December 16, 2019


Weather
NAYPYITAW WEATHER