အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

 

အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ()ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေ(၂၀)ရက် (အင်္ဂါနေ့) မွန်းလွဲ(၁:)နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှမတ်လအထိ စာရင်းစစ်ဆေးမှုအစီရင်ခံစာအား အတည်ပြုခြင်း၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲထားခြင်းအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဆက်သွယ်ရေး အခြေခံအဆောက်အအုံမရောက်ရှိသေးသော ဖွံ့ဖြိုးမှုနိမ့်ကျသော နေရာဒေသများ တွင် ဆက်သွယ်ရေးကွန်ရက်ရရှိစေရန် Telecommunication Infrastructure Services, Rural Project (၁/၂၀၂၄) USF တင်ဒါခေါ်ယူထားမှုနှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သူအား လုပ်ငန်းအပ်နှံနိုင်ရေး စာချုပ်ချုပ်ဆိုသွားရန်နှင့် USF ရန်ပုံငွေတိုးပွားစေရန် ဆောင်ရွက်မည့် နည်းလမ်းများအပေါ် အတည်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on May 22, 2025


Weather
NAYPYITAW WEATHER