“ e-SIM ဆိုင်ရာညွှန်ကြားချက်မူကြမ်းအား အများပြည်သူသဘောထားတောင်းခံခြင်း”

၁။      ဆက်သွယ်ရေးဥပဒေ၏ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေး ကဏ္ဍများတွင် ပြည်တွင်းပြည်ပမှ အခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်စေခြင်းဖြင့် အရည်အသွေးမြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန်စွာ ဝန်ဆောင်မှုပေးနိုင် မည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်ဟူသည့် ရည်ရွယ်ချက်နှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၂။      ထိုပြင် လုပ်ငန်းလိုင်စင်ရရှိသူများအနေဖြင့် မိမိတို့၏ဆက်သွယ်ရေးဝန်ဆောင်မှုတွင် အသုံးပြု ရန် ဆက်သွယ်ရေးနံပါတ်များနှင့် အီလက်ထရောနစ်လိပ်စာများကို စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်ပြီး အသုံးပြုခွင့်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

                                      

၃။      ထိုသို့ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးနံပါတ်များကို Physical SIM များ အတွက်သာ ခွဲဝေသတ်မှတ်ခဲ့သော်လည်း နည်းပညာပြောင်းလဲတိုးတက်လာသည်နှင့်အမျှ e-SIM စနစ်ကိုအသုံးပြု၍ ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် e-SIM ဆိုင်ရာညွှန်ကြားချက်တစ်ရပ် ထွက်ပေါ်လာစေရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။

 

၃။      သို့ဖြစ်ပါ၍ e-SIM ဆိုင်ရာညွှန်ကြားချက်( မူကြမ်း ) အပေါ် အကြံပြုချက်များ၊ သဘောထား မှတ်ချက်များ ပေးပို့လိုသည့်အချက်များရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ (၂၀--၂၀၁၉) ရက်နေ့မတိုင်မီ ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်-

 

ရုံးလိပ်စာ

ညွှန်ကြားရေးမှူးချုပ်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ရုံးအမှတ်() နေပြည်တော်

 

E-mail Address

seintseintaye@ptd.gov.mm

tariffinspection2017@gmail.com

ဖတ်ရန် သိမ်းဆည်းရန်

Posted by admin

Posted on April 1, 2019


Weather
NAYPYITAW WEATHER