၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေး ဆောင်ရွက်ချက်များ

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်း အများပြည်သူများ ဆက်သွယ်ရေးဝန်ဆောင်မှုများ အသုံးပြုရာတွင် တိုးတက် ကောင်းမွန်မှုရှိစေရန် ဆက်သွယ်ရေးမိုဘိုင်းအော်ပရတာများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ကြိုးမဲ့ဆက်သွယ်ရေးလှိုင်းနှုန်းစဉ်များ၊  ဆက်သွယ်ရေးကွန်ရက်အရည်အသွေး(Network Quality) ကျဆင်းနေသည်ဆိုသော Complain Report များအရ လှိုင်းနှုန်းတိုင်းတာခြင်းများဆောင်ရွက် ကာ တိုင်းတာစစ်ဆေးလျက်ရှိပါသည်။ ထို့အပြင် Covid-19 ကာလအတွင်း အများပြည်သူများ အရည်အသွေးကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်များကို ရရှိအသုံးပြုနိုင်ရေးအတွက် လှိုင်းနှုန်းစဉ်နှောက်ယှက်မှုများကို ရှာဖွေစိစစ်ဖော်ထုတ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

၂။       မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတစ်ဦးမှ ရန်ကုန်မြို့အတွင်း ၎င်းတို့ ဝန်ဆောင်မှုပေး လျက်ရှိသော GSM 900 MHz Uplink Band အတွင်း လှိုင်းနှုန်းနှောင့်ယှက်မှုများ ဖြစ်ပေါ်နေ ကြောင်းတင်ပြလာပါသဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လှိုင်းနှုန်းတိုင်းတာရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ (အောက်တိုဘာလ မှ နိုဝင်ဘာလ) အထိ ရန်ကုန်မြို့အတွင်းရှိ အဆိုပါလှိုင်းနှုန်း နှောင့်ယှက်မှုဖြစ်ပေါ်နေကြောင်း ပေးပို့လာသောနေရာများသို့ သွားရောက်၍ လှိုင်းနှုန်းရှင်းလင်းမှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Posted by ptd

Posted on December 15, 2020


Weather
NAYPYITAW WEATHER