တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတွင် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးစခန်း (၁) ခု တည်ဆောက်အကောင်အထည်ဖော်ခြင်းအတွက် လုပ်ငန်းအပ်နှံမှု သဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့အကြား အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (USF) ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတွင် Telecommunication Infrastructure Services, Rural Project (Lot-2) အဖြစ် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးစခန်း (၁) ခု တည်ဆောက်အကောင်အထည်ဖော်ခြင်းအတွက် လုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်(ကြာသပတေးနေ့)၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့အကြားချုပ်ဆိုမည့် လုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို နေ့လယ် (၁၂း၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (USF) ဖြင့် အကောင်အထည်ဖော်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတွင် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးစခန်း တည်ဆောက်ပြီးစီးပါက လူဦးရေ (၂၀၁၂) ဦးရှိသော ကျေးရွာနေပြည်သူလူထုနှင့် အဆိုပါဒေသတွင် ခရီးသွားလာသည့် ပြည်သူလူထုများမှ အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများ ရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
October 21, 2025