ဒု-ဦးစီးမှူးရာထူးနှင့် စာရင်းကိုင် (၂) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းခံယူရန် ရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လစ်လပ်လျက်ရှိသောလစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ဒု-ဦးစီးမှူးရာထူးနှင့် စာရင်းကိုင်(၂) ရာထူးနေရာများအတွက် (၁၈-၁၂-၂၀၂၁) ရက်နေ့ နှင့်(၁၉-၁၂-၂၀၂၁)ရက်နေ့များ၌ ကျင်းပပြု လုပ်ခဲ့သည့်ရေးဖြေစာမေးပွဲတွင် နေပြည်တော်စာစစ်ဌာနနှင့် ရန်ကုန်စာစစ်ဌာနများမှ ဝင်ရောက်ဖြေဆိုသူများအနက် လူတွေ့စစ်ဆေးခြင်း ခံယူရန် ရွေးချယ်ခံရသူများ စာရင်းကိုထုတ်ပြန်လိုက်သည်။

ရွေးချယ်ခြင်းခံရသူများအား လူတွေ့စစ်မေးခြင်းကို (၁၁--၂၀၂၂)ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် () နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

လူတွေ့စစ်ဆေးခြင်း လာရောက်ဖြေဆိုမည့်သူများသည် ဖြေဆိုရမည့်နေ့ရက်မတိုင်မီ ( )ရက်အတွင်း စစ်ဆေးထားသော  ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း လက်မှတ်(မူရင်း)၊  ဘွဲ့လက်မှတ်(မူရင်း)နှင့်အတူ (၁၀--၂၀၂၂) ရက်နေ့ (ရုံးချိန်)အတွင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ် () နေပြည်တော်၌ သတင်းပို့ရပါမည်။

အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန ဝန်ထမ်းစီမံခန့်ခွဲရေးဌာနခွဲ ဖုန်း - ၀၆၇- ၃၄၀၇၂၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရေးဖြေစာမေးပွဲအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းခံယူရန် ရွေးချယ်ခံရသူများစာရင်းကို အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)

Downloading File

Any Graduate

LLB

BE(EC), BE(IT), AGTI

Eco

Posted by ptd

Posted on December 30, 2021


Weather
NAYPYITAW WEATHER