ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ လိုင်စင်ဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်များ၊ ဆက်သွယ်ရေးစက်ပစ္စည်းတင်သွင်းခွင့်နှင့် စမ်းသပ်ပြသခွင့်လိုင်စင်များ အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်ဆေးရေးဌာနမှ မြေအောက် Fiber Optic Cable ဆက်ကြောင်း ချခင်းခွင့်များ ၊ Over Head Fiber များ သွယ်တန်းခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိပြီးသော ကုမ္ပဏီအသီးသီး အား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ဆက်သွယ်ရေး Tower တိုင် တည်ဆောက်ခွင့်များ ကိုလည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများ၏ လိုင်စင်ပါ စည်းကမ်းချက်များအရ ပြည့်မီရမည့် ကွန်ရက်လွှမ်းခြုံမှု (Mobile Voice and Data) နှင့် ကွန်ရက်အရည်အသွေး (Quality of Service) ကတိကဝတ်များအား ပြည့်မီမှု ရှိ/မရှိနှင့် လိုင်စင်ကတိကဝတ်များအတိုင်း လိုက်နာဆောင်ရွက် ထားခြင်း ရှိ/မရှိကို Radio Planning Tool Software များ အား အသုံးပြု၍ စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများကို ပြုလုပ်ပေးလျက်ရှိပါသည်။ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ လျှောက်ထားလာသည့် လှိုင်းနှုန်းအသုံးပြုခွင့်လျှောက်ထားချက်များကို ဥပဒေ၊ နည်းဥဒေများနှင့် အညီစိစစ်၍ အသုံးပြုခွင့်ပေးခြင်း၊ ရေကြောင်းလှိုင်းနှုန်းအသုံးပြုခွင့် ရယူထားသော ငါးဖမ်းရေယာဉ် များမှ Ship Station လိုင်စင်သက်တမ်းတိုးများဆောင်ရွက်ပေးခြင်း၊ ရေယာဉ် အသစ်များ အတွက်  လိုင်စင်လျှောက်ထားမှုများကို အရင်းအမြစ်စီမံခန့်ခွဲမှုဌာနမှ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။

Posted by ptd

Posted on March 4, 2021


Weather
NAYPYITAW WEATHER