Common Database စနစ်တည်ဆောက်နိုင်ရေး အိတ်ဖွင့်တင်ဒါပြင်ဆင်ချက်

Common Database စနစ်အား  Universal Service Fund (USF) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၈-၄-၂၀၂၀) ရက်နေ့၊ မြန်မာ့အလင်းသတင်းစာတွင် ကြော်ငြာခဲ့သည့်  အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်စာ ၏ စည်းကမ်းချက်အပိုဒ် ၃(ခ)ပါ “ဈေးနှုန်း အဆိုပြုလွှာ (မြန်မာကျပ်ငွေဖြင့်)” ဟူသည့် စကားရပ်အား “ဈေးနှုန်းအဆိုပြုလွှာ (အမေရိကန်ဒေါ်လာ/မြန်မာကျပ်ငွေဖြင့်)” ဟူသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ကြောင်း အသိပေးအပ်ပါသည်။

ရှင်းလင်းချက်  

၁။        တင်ဒါတင်သွင်းသူသည် အဆိုပြုမည့်ဈေးနှုန်းအား မိမိ၏ ဆောင်ရွက်မှု အနေအထား‌ပေါ် မူတည်၍  မြန်မာကျပ်ငွေဖြင့် သော်လည်းကောင်း၊ အမေရိကန်ဒေါ်လာဖြင့် သော်လည်းကောင်း၊ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေကြေးနှစ်ရပ်လုံးဖြင့်သော်လည်းကောင်း အဆိုပြုတင်ပြနိုင်သည်။ ငွေကြေးနှစ်ရပ်လုံး ဖြင့် အဆိုပြုတင်ပြရာတွင် အမေရိကန်ဒေါ်လာဖြင့် ကျခံဆောင်ရွက်ရန် ကိစ္စရပ်များကို အမေရိကန်ဒေါ်လာ ဖြင့်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့် ကျခံဆောင်ရွက်ရန် ကိစ္စရပ်များကို မြန်မာကျပ်ငွေဖြင့်လည်းကောင်း သီးခြားစီ အဆိုပြုတင်ပြရန် ဖြစ်ပါသည်။ ( ညီမျှကျပ်(သို့မဟုတ်)ညီမျှအမေရိကန်ဒေါ်လာဖြင့် အဆိုပြုတင်ပြရန် မဟုတ်ပါ။)

၂။         တင်ပြလာသည့် တင်ဒါဈေးနှုန်းများအား နှိုင်းယှဉ်သုံးသပ်ရာတွင် မြန်မာကျပ်ငွေဖြင့်သာနှိုင်းယှဉ် သွားမည် ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာဖြင့် သီးခြားအဆိုပြုတင်ပြထားသော ဈေးနှုန်းများပါရှိပါက အဆိုပါ ဈေးနှုန်းများအား တင်ဒါဖွင့်ဖောက်သည့်နေ့ရက်ရှိ ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းဖြင့် မြန်မာကျပ်ငွေသို့ တန်ဘိုး သင့်၍ စုစုပေါင်းမြန်မာကျပ်ငွေတန်ဘိုး အပေါ်တွင်သာ နှိုင်းယှဉ်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၃။        စာချုပ်ချုပ်ဆိုရာတွင် အဆိုပြုတင်ပြဈေးနှုန်းကို မြန်မာကျပ်ငွေဖြင့် တင်ပြထားသော ကုမ္ပဏီအား မြန်မာကျပ်ငွေဖြင့်သော်လည်းကောင်း၊ အဆိုပြုတင်ပြဈေးနှုန်းကို အမေရိကန်ဒေါ်လာဖြင့် တင်ပြထားသော ကုမ္ပဏီအား အမေရိကန်ဒေါ်လာဖြင့်သော်လည်းကောင်း၊ အဆိုပြုတင်ပြဈေးနှုန်းကို မြန်မာကျပ်ငွေ နှင့်  အမေရိကန်ဒေါ်လာနှစ်ရပ်လုံးဖြင့် တင်ပြထားသော ကုမ္ပဏီအား မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာနှစ်ရပ် လုံး ဖြင့်သော်လည်းကောင်း စာချုပ် ချုပ်ဆို သွားမည် ဖြစ်ပါသည်။

၄။        စာချုပ်ချုပ်ဆိုထားမှုအပေါ်ငွေပေးချေရာတွင် မြန်မာကျပ်ငွေဖြင့် သာပေးချေသွားမည်ဖြစ်ပါသည်။  ထိုသို့ပေးချေရာတွင် မြန်မာကျပ်ငွေဖြင့် စာချုပ်ချုပ်ထားသော ကုမ္ပဏီ အား မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ အမေရိကန်ဒေါ်လာဖြင့် စာချုပ်ချုပ်ဆိုထားသော ကုမ္ပဏီအား စာချုပ်နှင့်အညီ သတ်မှတ်နေ့ရက်ရှိ  ဗဟိုဘဏ် ၏ငွေလဲလှယ်နှုန်းဖြင့် မြန်မာကျပ်ငွေသို့ တန်ဘိုးသင့် တွက်ချက်ပြီး မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ မြန်မာကျပ်ငွေနှင့်အမေရိကန်ဒေါ်လာနှစ်ရပ်လုံးဖြင့် စာချုပ်ချုပ်ဆိုထားသော ကုမ္ပဏီအား စာချုပ်ပါ အမေရိကန်ဒေါ်လာတန်ဘိုးကို စာချုပ်နှင့်အညီ သတ်မှတ်နေ့ရက်ရှိ ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းဖြင့် မြန်မာ ကျပ်ငွေသို့ ပြောင်းလဲတွက်ချက်၍ စုစုပေါင်းစာချုပ်တန်ဘိုးအား မြန်မာကျပ်ငွေဖြင့် ပေးချေသွားမည် ဖြစ်ပါသည်။

                     တင်ဒါကော်မတီ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ရုံးအမှတ်()၊နေပြည်တော်

Posted by ptd

Posted on May 25, 2020


Weather
NAYPYITAW WEATHER