နိုင်ငံတော်၏ရှားပါးအရင်းအမြစ်ဖြစ်သည့် လှိုင်းနှုန်းစဉ်ကို စနစ်တကျစီမံခန့်ခွဲနိုင်ရေး အတွက် လှိုင်းနှုန်းစီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

၁။      ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနသည် ဆက်သွယ်ရေးဉပဒေ၏ ရည်ရွယ်ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့်အတူ နိုင်ငံတော်တစ်ဝန်းလုံးတွင် ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ပြီး အများပြည်သူ ဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်း များပိုမိုရရှိလာနိုင်စေနိုင်ရန်အတွက် ရေဒီယိုလှိုင်းနှုန်းစဉ်များအား အိုင်တီယူလျာထားချက်၊ ဒေသ ဆိုင်ရာလျာထားချက်တို့နှင့် ညီညွှတ်မှုရှိစေရန် ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ် လျာထားချက်ကို အခြေခံ၍ စနစ်တကျခွဲဝေ သတ်မှတ်ပေးလျက်ရှိပါသည်။

၂။       ထိုသို့ ခွဲဝေသတ်မှတ်ချထားပေးရာတွင် လှိုင်းနှုန်းစဉ်ကို အကျိုးရှိရှိထိရောက်စွာ စီမံခန့်ခွဲ နိုင်စေရန်အတွက်လည်းကောင်း၊ လှိုင်းနှုန်းနှောင့်ယှက်မှုဆိုင်ရာကိစ္စများ အတတ်နိုင်ဆုံး လျော့နည်း ပပျောက်စေနိုင်ရန်အတွက်လည်းကောင်း၊ နိုင်ငံတော်၏ရှားပါးအရင်းအမြစ်ဖြစ်သည့် လှိုင်းနှုန်းစဉ် ကို စနစ်တကျစီမံခန့်ခွဲပြီး နိုင်ငံတော်ဘဏ္ဍာအား တိုးတက် ရရှိစေနိုင်ရန်အတွက်လည်းကောင်း၊ ဌာနရှိ လက်ရှိလုပ်ငန်းဆောင်ရွက်လျက်ရှိသော လှိုင်းနှုန်းတိုင်းတာမှုစနစ်နှင့် လိုက်လျောညီထွေမှုရှိစေသည့် လွယ်ကူရှင်းလင်းသည့် အလိုအလျောက် လှိုင်းနှုန်းစီမံခန့်ခွဲမှုစနစ် (Automated Spectrum Management System) ကို ဝယ်ယူစာချုပ်ချုပ်ဆို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Posted by ptd

Posted on September 29, 2020


Weather
NAYPYITAW WEATHER