ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ် မိုဘိုင်းဟန်းဆက်များတွင် အသုံးပြုနိုင်ရေးအတွက် အစည်းအဝေးကျင်းပ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်ပမှ မိုဘိုင်းဟန်းဆက်များတင်သွင်းသည့် ပြည်တွင်း ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့်  နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီယူနီကုဒ်စနစ်နှင့် ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေးနှင့်စပ်လျဉ်း၍  ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 အစည်းအဝေးသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိပုဂိ္ဂုလ်များနှင့် ပြည်ပမှ မိုဘိုင်းဟန်းဆက်များ တင်သွင်းသည့် ပြည်တွင်းကုမ္ပဏီ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့ပါသည်။

Posted by ptd

Posted on June 19, 2019


Weather
NAYPYITAW WEATHER