အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာ (Universal Service Strategy) ထုတ်ပြန်ခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်း ဆိုင်ရာ အစီအစဉ်များအား အကောင်အထည်ဖော်ရာတွင် Intelecon Research & Consultancy အကြံပေးအဖွဲ့နှင့်ပူးပေါင်း၍ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းမဟာဗျူဟာ Universal Service Strategy (မူကြမ်း)ကို ရေးဆွဲခဲ့ပြီး ဆက်သွယ်ရေးအော်ပရေတာများနှင့် လိုင်စင်ရ ကုမ္ပဏီများအပါအဝင် အများပြည်သူထံမှ သဘောထားမှတ်ချက် ရယူနိုင်ရေးအတွက် (၅-၁၂-၂၀၁၇) ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ website တွင်‌ ဖော်ပြခဲ့ပြီး သဘောထား မှတ်ချက်တောင်းခံခဲ့ပါသည်။ ရရှိလာသော သဘောထားမှတ်ချက်များအပေါ် အခြေခံ၍ ပြန်လည် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

(၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့သည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်း ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ တတိယအကြိမ်အစည်းအဝေးတွင် အဖွဲ့ဝင်များ၏  သဘောတူညီချက် ရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၉)သို့ ဆက်လက်တင်ပြခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ မဟာဗျူဟာ ထုတ်ပြန်နိုင်ရေး အတွက် ခွင့်ပြုချက်ရရှိခဲ့သောကြောင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ အစီအစဉ်များအား အကောင်အထည်ဖော်ရာတွင် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာ(Universal Service Strategy)အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၂၀)ဖြင့် (၂၄-၁-၂၀၂၀)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on January 28, 2020


Weather
NAYPYITAW WEATHER