(၄၈) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ အမည်စာရင်းကြေညာခြင်း

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့ တွင်ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့(World Post Day) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(UPU)တို့၏ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်အဖြစ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ ပြိုင်ပွဲကျင်းပရေးအဖွဲ့ (National Organizing Body)သည် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများမှ အသက်(၁၅)နှစ်နှင့်အောက်လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကျင်းပပေးလျက် ရှိပါသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂမှ “Write a letter about your hero ” ဟူသော ခေါင်းစဉ်ပေးပို့လာပြီး မြန်မာနိုင်ငံအနေဖြင့် (ပြည်တွင်းအဆင့်) အင်္ဂလိပ်ဘာသာဖြင့် ပေးစာရေး ပြိုင်ပွဲကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅-၁၂-၂၀၁၈) ရက်နေ့က မြို့နယ်များ အလိုက် အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ပေးခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း (၂၄၈၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

(၄၈) ကြိမ်မြောက် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ပထမဆုကို နေပြည်တော်၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၊ အဌမတန်းမှ မရွှန်းလဲ့ဝင်း က လည်းကောင်း၊ ဒုတိယဆုကို ရခိုင်ပြည်နယ်၊ --က () စစ်တွေမြို့၊ နဝမတန်းမှ မောင်ကျော်စံဝေ ကလည်းကောင်း၊ တတိယဆုကို ကချင်ပြည်နယ်၊ မူလွန်၊ ပုန်ခုန်း၊ တနိုင်းမြို့ သတ္တမတန်းမှ မောင်ကောင်းထက်သော် ကလည်းကောင်း၊ အထူးဆုကို တနင်္သာရီတိုင်းဒေသကြီး၊ --က() ထားဝယ်မြို့နယ်၊ အဌမတန်းမှ မအိမ့်သံဇဉ်ဦး တို့ကလည်းကောင်း အသီးသီးဆွတ်ခူး ရရှိကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။ ဆုရရှိသည့် ကျောင်းသား/သူ များအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ( ) ရက်နေ့ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်() စုပေါင်းခန်းမ၌ ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ငွေသားဆုများ ချီးမြှင့်ပေးမည်ဖြစ်ပါသည်။

Posted by ptd

Posted on September 6, 2019


Weather
NAYPYITAW WEATHER