အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက် (သောကြာနေ့)၊ ညနေ (၁၇:၀၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးလုပ်ငန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးကဏ္ဍပျက်စီး ဆုံးရှုံးမှုများအပေါ်  ထောက်ပံ့နိုင်ရေးကိစ္စ၊ Video Wall Screen ဝယ်ယူခြင်းအတွက် တင်ဒါပြန် လည်ခေါ်ယူနိုင်ရေးကိစ္စ၊ USF ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အရည်အသွေး စိစစ်ရေးနှင့် လက်ခံရေးကော်မတီဖွဲ့စည်းနိုင်ရေးကိစ္စနှင့် Telecommunication Infrastructure Services, Rural Project (၁/၂၀၂၄) USF လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Posted on October 2, 2025


နောက်ဆုံးရသတင်းများ
Weather
NAYPYITAW WEATHER