SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေး ကြေညာချက်

၁။      မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ( Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့်စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှု များကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။

၂။       သို့ရာတွင် မိုဘိုင်းအော်ပရေတာများနှင့် အရောင်းဆိုင်များ၏ အားနည်းမှုကြောင့် စနစ်တကျ မှတ်ပုံတင်မထားသောSIM Card များစွာရှိသည့်အတွက် စနစ်တကျမှတ်ပုံတင်နိုင်ရန် သတင်းစာများနှင့် မီဒီယာများမှ အသိပေးကြေညာခဲ့ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လ မှ ၂၀၁၇ ခုနှစ် ဇွန်လ အထိ (၁၁)လ အချိန် ပေး၍ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်စေခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံ မတင်ခဲ့သော SIM Card (.) သန်းခန့်ကို အပြီးပိတ်သိမ်းခဲ့ရပါသည်။ ထိုစဉ်က SIM Card မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်တစ်ခုလျှင် မည်မျှအထိ မှတ်ပုံတင်နိုင်သည်ကို ကန့်သတ်ခဲ့ခြင်းမရှိခြင်းကြောင့် အရောင်းဆိုင်များက နိုင်ငံသား စိစစ်ရေးကတ်အမှတ်တစ်ခုဖြင့် SIM Card များစွာကို မှတ်ပုံတင်ပြီး အခြားသူများအား ရောင်းချခြင်း၊ အချို့သူများက နိုင်ငံသားစိစစ်ရေးကတ်အမှတ်တစ်ခုဖြင့်SIM Card များ မှတ်ပုံတင်ဝယ်ယူပြီးအပြင်တွင် ပြန်လည်ရောင်းချခြင်းတို့ကြောင့် အချို့သော SIM Card များကို သုံးစွဲသူ၏ အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုဖြင့် SIM Card () ခုသာ မှတ်ပုံတင် ရောင်းချနိုင်ရေး ညွှန်ကြားခဲ့သော်လည်း(၃၁-၁-၂၀၂၀)ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုလျှင် SIM Card ()ကတ်ထက် ပိုမို မှတ်ပုံတင်ထားသော မိုဘိုင်း အော်ပရေတာအလိုက် SIM Card အရေအတွက်မှာ MPT တွင်(၁၂.၉၅)သန်းခန့်၊ MyTel တွင် (၄.၆)သန်းခန့်၊Ooredoo တွင်(၄.၆)သန်းခန့်နှင့် Telenorတွင် (၆.၀၅)သန်းခန့် စုစုပေါင်း(၂၈.၂)သန်းခန့် ကျန်ရှိလျက်ရှိပါသည်။ အသေးစိတ် စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

Operator

OML

MPT

Telenor

MyTel

Total

SIM 3 – 9

1,983,503

4,416,144

907,034

965,470

8,272,151

SIM 10 – 19

1,436,496

1,435,379

679,564

696,946

4,248,385

SIM 20 – 29

653,846

834,701

420,277

1,056,813

2,965,637

SIM 30 – 39

284,146

578,937

305,722

835,124

2,003,929

SIM 40 – 49

185,053

570,799

244,931

450,854

1,451,637

SIM 50 – 99

54,866

1,389,764

750,040

394,152

2,588,822

SIM 100 – 199

0

1,067,980

701,073

10,485

1,779,538

SIM 200+

0

2,660,701

2,040,533

185,996

4,887,230

Total

4,597,910

12,954,405

6,049,174

4,595,839

28,197,328

 

၃။      သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော  စစ်ဆေးနိုင်မည့်နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန် မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း  သတ်မှတ်နည်းလမ်းများဖြင့် (၃၀--၂၀၂၀) နောက်ဆုံးထား၍ ပြန်လည် မှတ်ပုံတင် ရမည် ဖြစ်ပါသည်။

၄။      သုံးစွဲသူများသည် မိမိအသုံးပြုလျက်ရှိသော SIM Card သည် မိမိအမည်ဖြင့် မှန်ကန်မှု ရှိ မရှိ သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များတွင် လည်းကောင်း၊ Website နှင့် Mobile Application များ အသုံးပြု၍လည်းကောင်း၊ မိမိကိုယ်တိုင် မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင် ပါသည်။

၅။      သုံးစွဲသူများ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာများကလည်း လွယ်ကူ အဆင်ပြေစေရေး ဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ်  သို့မဟုတ် ယင်းလက်မှတ် အမှတ်ပါ အသိအမှတ်ပြုကတ်တစ်ခုခုဖြင့်  () ကတ် ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင် ထားခြင်း မရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်း မှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

၆။      သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို  ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်ကြပါရန် နှင့် ဈေးကွက်အတွင်း ရောင်းချနေသော  ကြိုတင်မှတ်ပုံတင်ထားသည့် SIM Card များကို ဝယ်ယူခြင်း မပြုကြပါရန် အသိပေး ကြေညာအပ်ပါသည်။

Posted by ptd

Posted on February 22, 2020


Weather
NAYPYITAW WEATHER