mm Domain Registry အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

၁။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ အခန်း() ပုဒ်မ (၂၁) (၂၂) နှင့် (၂၃) ပါပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်လိပ်စာများဖြစ်သည့် Public IP Addresses Autonomous System Number (ASN) နှင့် Domain Name တို့နှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများအား ဆောင်ရွက်ရမည်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ .mm Domain Registry အဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။

၂။       ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနသည် .mm Domain Registry အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Yatanarpon Teleport Public Co., Ltd နှင့် Myanmar Technology Gateway Co., Ltd တို့မှ .mm Domain Registrar များအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာန

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Posted by ptd

Posted on September 27, 2019


Weather
NAYPYITAW WEATHER