အသိပေးကြေညာခြင်း

ဆက်သွယ်ရေးဥပဒေ အခန်း(၄)နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ(၃၃)တို့အရ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် အောက်ဖော်ပြပါ ဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူရန် လိုအပ်ပါသည်-

(က) ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-ဂြိုဟ်တုဖုန်း)

(ခ)   ရေဒါဆက်သွယ်ရေးပစည်းများနှင့် ဆက်စပ်ကိရိယာများ

(ဂ)   ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ- MF, HF, VHF, UHF လှိုင်းနှုန်းသုံး ဆက်သွယ်ရေးပစ္စည်းများ)                          

နေအိမ်အဆောက်အဦများအတွင်း မိုဘိုင်းဖုန်းဆက်သွယ်မှုပိုမိုရရှိစေရန် တပ်ဆင်အသုံးပြု နေသော Repeater များသည် လိုင်စင်ရ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ လှိုင်းနှုန်းတွင် တရားမဝင် ဝင်ရောက်အသုံးပြုနေသော ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ ဖြစ်ပါသည်။ အဆိုပါ Repeater များအား တပ်ဆင်အသုံးပြုခြင်းဖြင့် လှိုင်းနှုန်းခွင် အသုံးပြုခွင့်လိုင်စင်ရရှိထားသော ဆက်သွယ်ရေး အော်ပရေတာများ၏ လှိုင်းနှုန်းများအား အနှောင့်အယှက်ဖြစ်ပေါ်စေခြင်းနှင့် အများ ပြည်သူအားလုံး အသုံးပြုနေသော မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အဆိုပါ ပစ္စည်းများသုံးစွဲနိုင်ရန် ခွင့်ပြုထားခြင်းမရှိပါ။

သို့ဖြစ်ပါ၍ အထက်အပိုဒ်()ပါ ဆက်သွယ်ရေးပစ္စည်းများနှင့် တရားမဝင် Repeater များကို လိုင်စင်မရှိဘဲ တပ်ဆင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းများမပြုလုပ်ကြရန် တား မြစ်ပါသည်။ ဖောက်ဖျက်ကြောင်း ဌာနမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိရပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၇)နှင့် အခြားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Posted by ptd

Posted on July 11, 2019


Weather
NAYPYITAW WEATHER