Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညိှနှိုင်းအစည်းအဝေး ကျင်းပ
Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညိှနှိုင်းအစည်းအဝေး ကို ၂၂-၈-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး (USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ) ဦးသာဦး၊ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်း၊ USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များဖြစ်သည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးဆွေ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာသီ၊ ဆက်သွယ်ရေးအော်ပရေတာ များ၏ ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်ဌေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးလုပ်ငန်း စဉ်များ နှင့်ပတ်သက်၍ ဆက် လက်ဆောင်ရွက်ရန် စီစဉ်ထားရှိသည့် လုပ်ငန်းကိစ္စရပ်များ၊ မဟာဗျူဟာများ အတည်ပြုနိုင်ရေးနှင့် စပ်လျဉ်းသော ကိစ္စရပ်များနှင့် USF Fund ဖြင့် အသုံးပြုဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
August 23, 2019