Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို (၁၈-၁၂-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ)၊ အမြဲတမ်းအတွင်းဝန်(ဆက်သွယ်ရေး)၊ USF Fund ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ကိုယ်စားလှယ်နှင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ မဟာဗျူဟာ(Universal Service Strategy) အတည်ပြုခြင်း၊ Common Database အတွက် အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေ(Universal Service Fund, USF) ဖြင့် အသုံး ပြုနိုင်ရန် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များ၏ သဘောတူညီမှုဖြင့် အတည်ပြုခြင်းနှင့် အခြေခံဆက်သွယ် ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေ(Universal Service Fund,USF) သုံးစွဲမှု လျာထားချက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
December 19, 2019