Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၁၁-၃-၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ)၊  အမြဲတမ်းအတွင်းဝန်(ဆက်သွယ်ရေး)၊ USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး USF ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Project  အတွက်  မြို့နယ်များ အတည်ပြုရွေးချယ်နိုင်ရေးကိစ္စရပ်များ၊ Universal Service Fund ကို အသုံးပြု၍ ဆောင်ရွက်မည့် Common Database နှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် Universal Service Fund သုံးစွဲရန်အတွက် တစ်နှစ်စာ budget  လျာထားချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Posted by ptd

Posted on March 11, 2020


Weather
NAYPYITAW WEATHER