တာချီလိတ်မြို့တွင်နယ်စပ်ဖြတ်ကျော်ဖိုင်ဘာကွန်ရက်ဆက်ကြောင်းများ စစ်ဆေးခြင်း

အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက် ဝန်ဆောင်မှုလုပ်ငန်း (IGW)ခွင့်ပြုချက်ရရှိထားသော ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများ၏ နယ်စပ်ဖြတ်ကျော်  ဖိုင်ဘာဆက်ကြောင်းများအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ နှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်သည် ၂၀၂၁ ခုနှစ် ၊ မတ်လ (၂၂) ရက်နေ့မှ မတ်လ (၂၄) ရက်နေ့အထိ ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့သို့ သွားရောက်၍ ဒေသဆိုင်ရာ အာဏာပိုင်များ ၊ လိုင်စင်ရဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Posted by ptd

Posted on March 30, 2021


Weather
NAYPYITAW WEATHER