ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရှိ လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပူးတွဲဖော်ပြပါရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာတွင်ပါရှိသော အချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်။ လျှောက်လွှာများကို အောက်ပါစာရွက်စာတမ်းများ ပူးတွဲလျက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၂)၊ နေပြည်တော်နှင့် အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲသို့ (၂၄-၁၀-၂၀၂၅) ရက်နေ့ နောက်ဆုံးထား ၍ပေးပို့ရမည်။ လျှောက်ထားသူများသည် စာမေးပွဲကြေး ကျပ် ၃၀၀ဝိ/-(ကျပ် သုံးထောင်တိတိ) ကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 011092 သို့ ပေးသွင်းနိုင်သည်။ သတ်မှတ်ထားသောလျှောက်လွှာပုံစံကို ဆက်သွယ်‌ရေးညွှန်ကြားမှုဦးစီးဌာန၏ Website (www.ptd.gov.mm)တွင်  Download ရယူနိုင်ပါသည်။ လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျခြင်းနှင့် စာရွက်စာတမ်းများ ပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသောအချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၀၇၂၅၀၊ ၀၉-၅၄၂၁၁၀၆ နှင့် ၀၉-၄၂၄၀၀၀၆၃၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (အကြောင်းအမျိုးမျိုးကြောင့် နေ့ရက်၊ အချိန် ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြားသွားမည်ဖြစ်ပါသည်။)

 

သတ်မှတ်ထားသော လျှောက်လွှာပုံစံကို အောက်ဖော်ပြပါ link တွင် download  ရယူနိုင်ပါသည်။

 

PTD မှခေါ်ယူသောလစ်လပ်ရာထူးနေရာများ 

လျှောက်လွှာပုံစံ

 

 

Posted by ptd

Posted on September 23, 2025


Weather
NAYPYITAW WEATHER