ရန်ကုန်တိုင်းဒေသကြီး ရုံးသစ်တက် မင်္ဂလာဆွမ်းကပ်တရားနာ ကျင်းပပြုလုပ်ခဲ့ခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး၊ ရုံးသစ်တက် မင်္ဂလာဆွမ်းကပ် တရားတော်နာယူခြင်း အခမ်းအနားကို ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ()ရက်၊  (၂၀..၂၀၁၉)ရက်နေ့ (တနင်္လာနေ့) နံနက် (:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ၊ အမှတ်(၁၂၅) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရုံးသစ်တက် ဖွင့်ပွဲအခမ်းအနားတွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်၊ ညွှန်ကြားရေးမှူး ဦးခင်ကျော်၊ ရန်ကုန်တိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးနေလင်းထွန်းတို့မှ ဖိတ်ကြားထားသော  ဧည့်သည်တော်များနှင့်အတူ ရဟန်းသံဃာတော် အရှင်သူတော်မြတ်တို့အား ပင့်ဖိတ်၍ မင်္ဂလာဆွမ်းကပ်တရားတော်နာယူခြင်း၊ လှူဘွယ်ဝတ္ထုပစ္စည်းများ ကပ်လှူခြင်းနှင့် ရေစက်ချခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Posted by ptd

Posted on May 22, 2019


Weather
NAYPYITAW WEATHER