ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရှိ လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပူးတွဲဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတွင်ပါရှိသော အချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်။ လျှောက်လွှာများကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၂) နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် သို့ (၁၆-၉-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ပေးပို့ရမည်။

လျှောက်ထားသူများသည် စာမေးပွဲကြေး ကျပ်၁၀၀၀ (ကျပ်တစ်ထောင်တိတိ) ကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 011092 သို့ လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၅)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 012978 သို့လည်းကောင်း ပေးသွင်းရမည်။

လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိခြင်းနှင့် စာရွက်စာတမ်းပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၀၇၂၅၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါသည်။

 

သတ်မှတ်ထားသော လျှောက်လွှာပုံစံကို အောက်ဖော်ပြပါ link တွင် download  ရယူနိုင်ပါသည်။

 

PTD မှခေါ်ယူသောလစ်လပ်ရာထူးနေရာများ

လျှောက်လွှာပုံစံ

Posted by ptd

Posted on August 10, 2022


Weather
NAYPYITAW WEATHER