ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ Monitoring Control Center (MCC) အတွက် လိုအပ်သောပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် တိုင်းတာရေးစခန်းအား လှိုင်းနှုန်းတိုင်းတာရေးထိန်းချုပ်စခန်း (Monitoring Control Center – MCC )အဖြစ်ဆောင်ရွက်ရန် စက်ပစ္စည်းများဝယ်ယူခြင်း ၊ အဆင့်မြှင့်တင်ရန်အတွက် Software ဝယ်ယူခြင်း နှင့် Installation ပြုလုပ်ခြင်း (1–Lot)အဖြစ်ဆောင်ရွက်ရန်အတွက် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါဆိုင်ရာအချက်အလက်များကို download ရယူနိုင်ပါသည်။

၃။    အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းနံပါတ် ၀၆၇- ၃၄၀၇၀၅၁ ၊ ၀၆၇- ၃၄၀၇၇၈၆ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on June 26, 2023


Weather
NAYPYITAW WEATHER