ကချင်ပြည်နယ်၊ နောင်မွန်မြို့တွင် GSM 4G စနစ်သို့ အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် တင်ဒါ ဖွင့်ဖောက်လက်ခံခြင်း အစည်းအဝေးကျင်းပခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေကိုအသုံးပြု၍ ကချင်ပြည်နယ်၊ နောင်မွန်မြို့တွင် GSM 4G စနစ်သို့ အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် တင်ဒါဖွင့်ဖောက်လက်ခံခြင်း အစည်းအဝေးကို (၁၈-၁၀-၂၀၂၃) ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ USF ရန်ပုံငွေဖြင့်‌ ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဆက်သွယ်ရေးအော်ပရေတာ (၃) ဦးတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး တင်ဒါစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါဖွင့်ဖောက်လက်ခံခြင်း အစည်းအဝေးအား ကျင်းပခဲ့ပါသည်။

Posted by ptd

Posted on October 20, 2023


Weather
NAYPYITAW WEATHER