ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၀၃)အရ ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်အား ဆောင်ရွက်ပေးလျှက်ရှိပါသည်။မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိထားသည့် ကုမ္ပဏီများသည် ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ တင်သွင်းရောင်းချလိုပါက ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားရပါမည်။ လျှောက်ထားလိုသူများသည် အောက်ပါစာရွက် စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
|
မန်နေဂျင်းဒါရိုက်တာ/ကုမ္ပဏီပိုင်ရှင်လက်မှတ်ရေးထိုး၍ ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ |
|
ဦးစီးဌာန၏ သတ်မှတ်ထားသော ရဝ/စသ ၀၀၁-ပုံစံ |
|
ကုန်အမှာစာ (Invoice)
|
|
ကုန်ပစ္စည်းအမျိုးအစား (Catalogue including with specifications)
|
|
SAR TEST report (Mobile Handset အတွက်သာ) |
|
ကုမ္ပဏီမှတ်ပုံတင်(Registration Certificate) နှင့် ကုမ္ပဏီအချက်အလက်များ (Extract Documents) |
|
အခွန်ကင်းရှင်းကြောင်းအထောက်အထား (Taxing)
|
|
မန်နေဂျင်းဒါရိုက်တာ/ ကုမ္ပဏီပိုင်ရှင်၏ မှတ်ပုံတင်တို့ ပူးတွဲပါဝင်ရပါမည်။ |
အထက်ပါပူးတွဲတင်ပြချက်များ ပြည့်စုံစွာဖော်ပြ၍ စက်ပစ္စည်းတင်သွင်းခွင့်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ဆက်လက်တင်ပြရပါသည်။ ထိုသို့လျှောက်ထားလာသည့်ကုမ္ပဏီများမှ တင်ပြချက်များအား စိစစ်ရေးအဖွဲ့ဖြင့်စိစစ်ဆုံးဖြတ်ပြီးမှသာ သက်ဆိုင်ရာကုမ္ပဏီများသို့ လိုင်စင်လျှောက်ထားမှုအား အကြောင်းကြားစာပေးပို့ပါသည်။
လိုင်စင်အခကြေးငွေများမှာ ရောင်းဝယ်ခွင့်လိုင်စင်အတွက် တစ်သိန်းကျပ်၊ စမ်းသပ်ပြသခွင့်လိုင်စင်အတွက် တစ်သောင်းကျပ်နှင့် ပြင်ဆင်ခွင့်လိုင်စင်အတွက် ငါးသောင်းကျပ်ဖြစ်ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ မြန်မာ့စီးပွားရေးဘဏ် Account သို့ ပေးသွင်းရန် လိုင်စင်နှင့်စစ်ဆေးရေးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ် (၂) နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇ - ၄၀၇ ၄၇၉ သို့ လျှောက်ထားသူ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်သူမှ ငွေသွင်းချလံအား ကိုယ်တိုင်လာရောက်ထုတ်ယူရပါမည်။
လိုင်စင်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး လိုင်စင်သက်တမ်း တစ်နှစ်ကုန်ဆုံးပါက သက်တမ်းထပ်မံတိုးရပါမည်။
(Posted on
June 27, 2018)
(Update on
June 15, 2023)