Vision and Mission

ရည်မှန်းချက်

  • နိုင်ငံတကာစံနှုန်းများ၊ ဆက်သွယ်ရေးဥပဒေ ၊ နည်းပညာများနှင့်အညီပြည်တွင်း/ ပြည်ပကုမ္ပဏီများအားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင် ယှဉ်ပြိုင်ဆောင်ရွက်ပြီး၊ဘဏ္ဍာရေးအရင်းအမြစ်ဖြစ်သောလှိုင်းနှုန်းစဉ်အသုံးပြုခများ၊ လိုင်စင်ကြေးများအပြည့်အဝကောက်ခံရရှိရေးဆောင်ရွက်ရန်၊
  • ဆက်သွယ်ရေးစျေးကွက်အားယှဉ်ပြိုင်မှုရှိသည့် စျေးကွက်အဖြစ် တည်တံ့စေရန် ထိန်းသိမ်းခြင်းဖြင့် အရည်အသွေးကောင်းမွန်သောဆက်သွယ်ရေးဝန်ဆောင်မှုများအားအများပြည်သူမှ ထိုက်သင့်မျှတသောနှုန်းထားဖြင့် ရယူသုံးစွဲနိုင်စေရန်၊
  • ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူနှင့် ရယူသုံးစွဲသူများအားဥပဒေနှင့်အညီအကာအကွယ်ပေးရန်၊
  • ဆက်သွယ်ရေးကဏ္ဍအားထိရောက်စွာကြီးကြပ်နိုင်ရေးအတွက် မြန်မာ့နိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းတည်ထောင်ရန်၊
  • နေရာဒေသမရွေးအခြေခံဆက်သွယ်ရေးဝန်ဆောင်မှုလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိရန်နှင့် ယင်းရန်ပုံငွေကိုအသုံးပြုနိုင်ရေးမူဝါဒရေးဆွဲဆောင်ရွက်သွားရန်၊
  • ဆက်သွယ်ရေးကွန်ရက်အားမြန်မာနိုင်ငံလူဦးရေ၏ ၉၀% ကျော်အထိ လွှမ်းခြုံမှုရှိစေရေး ဆောင်ရွက်သွားရန်၊
  • နိုင်ငံတော်၏ကန့်သတ်အရင်းအမြစ်များဖြစ်သည့် လှိုင်းနှုန်းစဉ်နှင့်ဆက်သွယ်ရေးနံပါတ်များ၊ အီလက်ထရောနစ်လိပ်စာများအားအကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးစီမံခန့်ခွဲရန်၊

 

လုပ်ငန်းစဉ်

    ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် လှိုင်းနှုန်းနှောက်ယှက်မှုများမဖြစ်ပေါ်စေရေးအတွက်လှိုင်းနှုန်းစဉ်တိုင်းတာစစ်ဆေးခြင်းကိုဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောတိုင်းတာရေးပစ္စည်းများဝယ်ယူခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများအနေဖြင့် လိုင်စင်ပါသတ်မှတ်ချက်များနှင်အညီဆောင်ရွက်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုဆောင်ရွက်နိုင်ရေးအတွက် QoSနှင့် Service Coverage ဆိုင်ရာ Drive Test များပြုလုပ်ခြင်း၊ အများပြည်သူအကျိုးငှာနေရာဒေမရွေးအခြေခံဆက်သွယ်ရေးလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် Pilot Project များဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ဖွဲ့စည်းနိုင်ရေးအတွက် ဥပဒေကြမ်းရေးဆွဲခြင်း၊ လှိုင်းနှုန်းအသုံးပြုခများ၊ နံပါတ်စဉ်အသုံးပြုခများ၊လိုင်စင်ဆိုင်ရာအခကြေးငွေများအပြည့်အဝရရှိနိုင်ရေးဆောင်ရွက်ခြင်း၊Capacity Building ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုအပ်သောအကြံပေးများခေါ်ယူခြင်း စသည့်တို့ကိုဆောင်ရွက်မည်။

Posted by yinkhaing

Posted on 5/15/2018 2:50:00 PM


နောက်ဆုံးရသတင်းများ
Weather
NAYPYITAW WEATHER