ဆက်သွယ်ရေးညွွှန်ကြားမှုဦးစီးဌာန

  • ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် အရာထမ်း (၉) ဦး၊ အမှုထမ်း(၄၀)ဦး ၊ စုစုပေါင်း (၄၉) ဦး ပါဝင်သော အဆင့်(၃) ဦးစီးဌာနဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၉၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၉၉) မှ သဘောတူခွင့်ပြုချက်အရ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၆၁)ဦး ၊ စုစုပေါင်း (၇၇) ဦး ပါဝင်သော အဆင့်(၂) ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
  • ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၃/၂၀၁၃ ) မှ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အရာထမ်း (၁၉၆) ဦး၊ အမှုထမ်း ( ၆၂၃ ) ဦး ၊ စုစုပေါင်းဝန်ထမ်း (၈၁၉)ဦး ဖြင့် အဆင့်(၁)ဦးစီးဌာနအဖြစ်သို့ တိုးမြှင့် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင်   ကျင်းပပြုလုပ်သော  ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၂ /၂၀၁၅ ) မှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အရာထမ်း (၁၆၃) ဦး၊  အမှုထမ်း (၅၆၆) ဦး၊   စုစုပေါင်းဝန်ထမ်း (၇၂၉) ဦးဖြင့်   အဆင့်(၁) ဦးစီးဌာန အဖြစ်သို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန် သဘောတူ ဆုံးဖြတ်ခဲ့ပါသည်။
  • ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိဖွဲ့စည်းပုံကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။