ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၀၃)အရ ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်အား ဆောင်ရွက်ပေးလျှက်ရှိပါသည်။မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိထားသည့် ကုမ္ပဏီများသည် ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ တင်သွင်းရောင်းချလိုပါက ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားရပါမည်။ လျှောက်ထားလိုသူများသည် အောက်ပါစာရွက် စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

  •  
မန်နေဂျင်းဒါရိုက်တာ/ကုမ္ပဏီပိုင်ရှင်လက်မှတ်ရေးထိုး၍ ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  •  
 ဦးစီးဌာန၏ သတ်မှတ်ထားသော  ရဝ/စသ ၀၀၁-ပုံစံ
  •  

ကုန်အမှာစာ (Invoice)

  •  

ကုန်ပစ္စည်းအမျိုးအစား (Catalogue including with specifications)

  •  
SAR TEST report (Mobile Handset အတွက်သာ)
  •  
ကုမ္ပဏီမှတ်ပုံတင်(Registration Certificate) နှင့် ကုမ္ပဏီအချက်အလက်များ (Extract Documents)
  •  

အခွန်ကင်းရှင်းကြောင်းအထောက်အထား (Taxing)

  •  
မန်နေဂျင်းဒါရိုက်တာ/ ကုမ္ပဏီပိုင်ရှင်၏ မှတ်ပုံတင်တို့ ပူးတွဲပါဝင်ရပါမည်။

          အထက်ပါပူးတွဲတင်ပြချက်များ ပြည့်စုံစွာဖော်ပြ၍ စက်ပစ္စည်းတင်သွင်းခွင့်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ဆက်လက်တင်ပြရပါသည်။ ထိုသို့လျှောက်ထားလာသည့်ကုမ္ပဏီများမှ တင်ပြချက်များအား စိစစ်ရေးအဖွဲ့ဖြင့်စိစစ်ဆုံးဖြတ်ပြီးမှသာ သက်ဆိုင်ရာကုမ္ပဏီများသို့ လိုင်စင်လျှောက်ထားမှုအား အကြောင်းကြားစာပေးပို့ပါသည်။

လိုင်စင်အခကြေးငွေများမှာ ရောင်းဝယ်ခွင့်လိုင်စင်အတွက် တစ်သိန်းကျပ်၊ စမ်းသပ်ပြသခွင့်လိုင်စင်အတွက် တစ်သောင်းကျပ်နှင့် ပြင်ဆင်ခွင့်လိုင်စင်အတွက် ငါးသောင်းကျပ်ဖြစ်ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ မြန်မာ့စီးပွားရေးဘဏ် Account သို့ ပေးသွင်းရန် လိုင်စင်နှင့်စစ်ဆေးရေးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ် (၂) နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇ - ၄၀၇ ၄၇၉ သို့ လျှောက်ထားသူ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်သူမှ ငွေသွင်းချလံအား ကိုယ်တိုင်လာရောက်ထုတ်ယူရပါမည်။ 

လိုင်စင်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး လိုင်စင်သက်တမ်း တစ်နှစ်ကုန်ဆုံးပါက သက်တမ်းထပ်မံတိုးရပါမည်။

Posted by ptd

(Posted on June 27, 2018) (Update on June 15, 2023)



Weather
NAYPYITAW WEATHER