၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် တိကျမှန်ကန်သော ဆင်းကတ်မှတ်ပုံတင်လုပ်ငန်း ဖြစ်စေရန်နှင့် အော်ပရေတာများအားလုံး၏ ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို စုပေါင်းသိမ်းဆည်းထားနိုင်ရန် SIM Registration Management System တည်ဆောက်ခြင်းလုပ်ငန်းကို Universal Service Fund ( USF ) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါ၍ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံစတင်ရောင်းချမည့်နေ့ - ၃၁.၁၀.၂၀၂၂ ( တနင်္လာနေ့ )
၃။ တင်ဒါပုံစံအရောင်းပိတ်မည့်နေ့ - ၁၄.၁၁.၂၀၂၂ (တနင်္လာနေ့ )
၄။ တင်ဒါပုံစံရောင်းချမည့်နေရာ - အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်း
ရေးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊နေပြည်တော်
၅။ တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊နေပြည်တော်
၆။ တင်ဒါဖွင့်ဖောက်မည့်ရက်နှင့်အချိန် - ၁၂.၁၂.၂၀၂၂ (တနင်္လာနေ့ )
နေ့လယ် (၁၃:၀၀) နာရီ
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၇၂၉၀ သို့ ဖြစ်စေ၊ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရုံးအမှတ်(၂)၊နေပြည်တော်
Posted on
October 28, 2022