ထုတ်ပြန်ထားပြီးဖြစ်သော Technical Specifications for Short Range Devices (SRD) ကို ပြန်လည်ပြင်ဆင်သတ်မှတ် ထုတ်ပြန်နိုင်ရေးအတွက် သဘောထားမှတ်ချက်တောင်းခံခြင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် လွှင့်အားနိမ့်တာတိုလွှင့်ဖမ်းစက် (Short Range Device) များအတွက် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများရှိ သတ်မှတ်ချက်များကို လေ့လာအခြေခံ၍ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ပြောင်းလဲလာသည့် ဆက်သွယ်ရေးနည်းပညာများနှင့် ကိုက်ညီစေရန်အတွက် ပြန်လည်ပြင်ဆင်ထားသည့် ဖော်ပြပါ လှိုင်းနှုန်းအသီးသီးနှင့် ယှဉ်တွဲဖော်ပြထားသော နည်းပညာဆိုင်ရာ အချက်အလက်များအပေါ် သဘောထားမှတ်ချက် ပေးပို့ရန်ရှိပါက spectrumresource.ptd@gmail.com သို့ (၅.၁၁.၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ပေးပါရန် ကြေညာအပ်ပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted on
October 22, 2021