၁။ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Software Update and Maintenance for ASMS ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံစတင်ရောင်းချမည့်နေ့ - ၁၃ - ၆ - ၂၀၂၂ (တနင်္လာနေ့)
၃။ တင်ဒါပုံစံအရောင်းပိတ်မည့်နေ့ - ၂၇ - ၆ - ၂၀၂၂ (တနင်္လာနေ့)
၄။ တင်ဒါပုံစံရောင်းချမည့်နေရာ - ပစ္စည်းဌာနစု၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊
ရုံးအမှတ်(၂)၊နေပြည်တော်
၅။ တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ရုံးအမှတ်(၂)၊
နေပြည်တော်
၆။ တင်ဒါဖွင့်ဖောက်မည့်ရက်နှင့်အချိန် - ၁၄ - ၇ - ၂၀၂၂ (ကြာသပတေးနေ့)
နံနက် ( ၁၀ : ၃၀ ) နာရီ
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းနံပါတ် ၀၆၇- ၃၄၀၇၀၅၁ ၊ ၀၆၇- ၃၄၀၇၆၄၀ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Posted on
June 10, 2022