2600 MHz လှိုင်းနှုန်းစဉ်လေလံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း
ပြည်သူများအနေဖြင့် နိုင်ငံတကာနည်းတူ အဆင့်မြင့် 5G မိုဘိုင်းဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေရန်နှင့် နိုင်ငံတော်ဘဏ္ဍာ တိုးတက်ရရှိနိုင်စေရန်အတွက် ရည်ရွယ်၍ 2600 MHz လှိုင်းနှုန်းစဉ်လေလံပွဲကို ၂၉-၆-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ 2600 MHz လှိုင်းနှုန်းစဉ်လေလံပွဲတွင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာ (၄) ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ Atom Myanmar Limited (ATOM) နှင့် Telecom International Myanmar Limited (Mytel) တို့မှ အောက်ပါအတိုင်း လေလံအောင်မြင်ခဲ့ကြပါသည်။
|
စဉ်
|
မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာအမည်
|
လှိုင်းနှုန်း
|
|
၁။
|
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)
|
2500 – 2540 MHz
|
|
၂။
|
Atom Myanmar Limited (ATOM)
|
2560 – 2610 MHz
|
|
၃။
|
Telecom International Myanmar Limited (Mytel)
|
2630 – 2690 MHz
|
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
November 2, 2026