ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရှိ လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တွင် လစ်လပ်လျက်ရှိသော ပူးတွဲဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတွင်ပါရှိသော အချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်။ လျှောက်လွှာများကို အောက်ပါစာရွက်စာတမ်းများ ပူးတွဲလျက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၂)၊ နေပြည်တော်နှင့် အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲသို့ ( ၇ - ၈ -၂၀၂၆ ) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။

လျှောက်ထားသူများသည် စာမေးပွဲကြေးကျပ် ၅၀၀ဝိ/-(ကျပ် ငါးထောင်တိတိ)ကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်း အမှတ် MD 011092 သို့ ပေးသွင်းရမည်။

လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျ ခြင်းနှင့်စာရွက်စာတမ်းများ ပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇ -၃၄၀၇၂၅၀၊ ၀၉-၅၄၂၁၁၀၆ နှင့်   ၀၉-၄၂၄၀၀၀၆၃၈  သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (အကြောင်းအမျိုးမျိုးကြောင့် နေ့ရက်၊ အချိန် ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြား သွားမည်ဖြစ်ပါသည်။)

သတ်မှတ်ထားသော လျှောက်လွှာပုံစံကို အောက်ဖော်ပြပါ link တွင် download  ရယူနိုင်ပါသည်။

 

PTD မှခေါ်ယူသောလစ်လပ်ရာထူးနေရာများ

လျှောက်လွှာပုံစံ

 

Posted by ptd

Posted on July 16, 2026


Weather
NAYPYITAW WEATHER