Local Assistant (Administration) တစ်ဦးနှင့် Local Assistant (Finance)တစ်ဦး ခန့်ထားခြင်း
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်း ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဌာနတွင်းလုပ်ငန်းများအတွက် Local Assistant (Administration)တစ်ဦးနှင့် Local Assistant (Finance)တစ်ဦး ခေါ်ယူခန့်ထားနိုင်ရန်အတွက် လျှောက်လွှာခေါ်ယူကာ ဆန်ကာတင် စိစစ်ရွေးချယ်ခဲ့ပါသည်။ ရွေးချယ်ထားသူများအား “ပြင်ပ ကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားရွေးချယ်ရေးကော်မတီ”က လူတွေ့မေးမြန်းမှုပြုလုပ်ခဲ့ပြီး အဆင့်အလိုက် အမှတ်အများဆုံးရရှိသူ(၂)ဦးကို Local Assistant (Administration/ Finance)များအဖြစ် ခန့်ထားခွင့်ပြုနိုင်ပါရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲ ရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၁/၂၀၁၉)သို့တင်ပြခဲ့ပြီး ခွင့်ပြုချက်ရရှိခဲ့ပါသဖြင့် Local Assistant (Administration) အတွက် ဉီးမင်းအောင်နှင့် Local Assistant(Finance)အတွက် ဒေါ်အိုင်ကြူကြူဝင်းတို့ကို ရွေးချယ်ခန့်အပ်လိုက်ပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
September 17, 2019